Tuesday, September 13, 2011

ဝတ္တု ကပေး သောအတွေး

ဝတ္တု ကပေး သောအတွေး

သီလ အကြောင်း စဉ်းစားရင်း ကျွန်တော်တို့ ငါးပါး သီလ ထိမ်းသိမ်းခြင်းရဲ့ အကျိုး အပြစ်ကို ကောင်းစွာ နားလည်ရဲ့သားနဲ့ဘာ့ကြောင့် မြဲအောင် ထိမ်းသိမ်းစောင်.ရှောက် နိုင်ခြင်း မရှိတာ လည်း ဆိုတာကို စဉ်းစားမိပါတယ် ။
ငါးပါးသီလ ချိုးဖောက်ဘို့ရာ ဦးစွာ စိတ်က ဦးဆောင် ပါတယ်။ နောက် နှုတ် နဲ့ ကာယကံက နောက်က လိုက်ပါတယ်။ စိတ်ကဦးဆောင်တယ်ဆိုတော့ အဲဒီ လိုစိတ်ဖြစ်လာအောင် အခြေအနေ အချို့ ကဖန်တီးပြီး စိတ်ကို စေ့ဆော်ပါတယ်။ အခြေအနေ အချို့ ဆိုရာမှာ ပင်ကိုယ် ဗီဇစရိုက် နဲ့ ပတ်ဝန်းကျင် တို့ က အဲသည်လို ဖြစ်လာအောင် တွန်းအား ပေးလာတာပါ။
ကျွန်တော် အကျဉ်း စခန်းတစ်ခု ကိုလေ့လာရေး သွားရောက် ခဲ့စဉ် ကံ ငါးပါး
မလုံလို့ အပြစ်ဒဏ် ကျခံနေတဲ့ သူအချို့နဲ့ တွေ. ဆုံမေးမြန်း ခဲ့ဘူးပါတယ်။ အဲဒီ ထဲ ကအတော်များများ တစ်ကြိမ်တစ်ခါမှား ယုံနဲ့အပြစ် သားဘ၀ကို ရောက်လာ ကြပါတယ်။
သူတို.နဲ့  တွေ.ဆုံပြီး မိမိကိုယ် မိမိဆင်ခြင်ကြည့်ပါတယ်။ ငါ ကော အဲသည် လို မဖြစ်ခဲ့ဘူးလား ပေါ့ သေသေချာစဉ်းစားတော့ ကျွန်တော် မကျေ နပ်တဲ့သူတွေကို အခြေအနေ ပေးလို့တုံ့ပြန်ခွင့်ရ ခဲ့ရင် ကျွန်တော်ကိုယ်တိုင် သူသတ်သမား ဖြစ်နိုင်တာပေါ့။
စိတ် က သာဖြစ်ခဲ့ပြီး အခြေအနေနဲ့ပတ်ဝန်းကျင်ရဲ့ပံ့ပိုးမှုမပါတော့ ကာယက၊ံ ၀စီကံ မမြောက်ပဲ သူတို့လို ဘ၀ မရောက်ဘူးပေါ့။ ပြစ်မှု့အမျိုးမျိုး ဟာလောဘ၊ဒေါသ၊မောဟ၊အတ္တ၊မာန် မာန ၊ တဏှာရာဂ၊သိက္ခာ ထိပါးမှု စတဲ့ အမျိုး မျိုးသော အကြောင်းအရာတွေ ကိုအခြေခံ ပါတယ်။
အရင်ခေတ် က စိတ်ထဲရှိတဲ့အရာတွေကို ထုတ်ဖော် ဖို့ မိသားစု ပတ်ဝန်းကျင် နဲ့ဓလေဲ့ ထုံးတမ်းကို ငဲ့ရတာနဲ့ နှုတ်နဲ့ကျူးလွန်ဖို့တောင်အတော်ခက် ပါတယ်။ အခုခေတ် က အင်တာနက် ခေတ် ဆို တော့ မိမိစိတ် ထဲမှာ ရှိတဲ့အရာတွေ ကိုစိတ်ထင်တိုင်း ယောကျားလေးရော၊မိန်းခလေး ရော စိတ်ထင်တိုင်း ထုတ်လွှတ်နေကြ တာပေါ့။
အင်တာနက်ကို မကောင်းဘူး မပြောပါဘူး ကျွန်တော်ကိုယ်တိုင် သည်ဆိုက်ထဲက ဘာသာရေး စာတွေ ဖတ်ပြီး ပြုပြင်ဖို့ကြိုးစားခဲ့ ပါ တယ်။မြင့်မြတ်တဲ့ အရိယာပုဂ္ဂိုလ်များကလွဲလို့-ှ အားလုံးသောသူတွေဟာ ပုထုဇဉ် တွေ ဖြစ်လို့မကောင်းမှု့ကို စိတ်နဲ့တော့ကျူးလွန် မိ ကြမှာပါ။
မကောင်းမှု့ သည်ဆိတ်ကွယ်ရာမရှိ စကားပုံရှိပါတယ်။ ၀စီကံ နဲ့ ကာယကံ ကိုတော့ မကျူးလွန် မိအောင်တော့ ရှောင်ရှား ရမှာဖြစ်ပါတယ်။ ၀စီကံ နဲ့ ကာယကံ ကိုလုံအောင်ထိမ်းနိုင်ရင်တော့ ကံငါးပါးလုံသွားပါပြီ။ ၀စီကံ နဲ့ကာယကံ ကိုလုံအောင်ထိမ်း နိုင်ဖို့ အပြောလွယ်သလောက် အလုပ်အင်မတန်ခက်ပါတယ်။
နည်းလမ်းမရှိ ဘူးလားဆိုတော့ရှိပါတယ် အဲဒါကတော့ ၀စီကံ နဲ့  ကာယကံမြောက်စေမယ်.အခြေအနေ အချိန်အခါ နဲ့ ပတ်ဝန်းကျင် တွေ ကိုရှောင်ကြဉ်ခြင်းပါဘဲ။ သည်အတွေးလေးဖြစ်ပေါ်လာစေ တာကတော့ ကိုဂျေ ရဲ့ ၀တ္တုလေး ဖတ်ပြီးမှပါ။ အားလုံးသော သူငယ်ချင်းများ မနောကံ အမှု ကို မထိမ်းသိမ်း နိုင်တောင်မှ ၀စီကံ နဲ့ ကာယကံ ကိုထိမ်းသိမ်းစောင်.ရှောက်နိုင်ပါစေ။

သီဟ(ချစ်သောဈေးသည်)
ဇန်န၀ါရီ 23, 2011 at 2:30pm

No comments:

Post a Comment