Tuesday, September 13, 2011

စိတ်

စိတ်


အလုံးစုံ သော အကုသိုလ် ကိုထိန်း ချုပ် အောင်မြင် နိုင်တာလည်း စိတ်ဖြစ် သလို အလုံး စုံသော အကုသိုလ် ကိုပြုမူဆောင် ရွက်နိုင်တာလည်း စိတ်ပါ ဘဲ။
လူအများစု ဟာပုထုဇဉ် တွေ ဖြစ် လို့ စိတ်ကို နိုင်နင်း အောင်မြင်ဘို့ မလွယ် ပါဘူး။
စိတ် ကိုနိုင်နင်းအောင်မြင် ဘို့ အတွက် တည်ကြည် တဲ့ သမာဓိ လိုပါတယ်။ အဲဒီ တည်ကြည် တဲ့ သမာဓိ ရဘို့ အတွက် သီလ က လည်းလိုနေပြန်ပါတယ်။

ဥပမာ ပေးရ ရင် ကျွန်တော် က ကာယ ဒုစရိုက်၊ ၀စီ ဒုစရိုက် တွေကိုရှောင် ကြဉ် ပြီး၊ စိတ် နဲ့ ငါးပါး သီလ ကျူးလွန် တယ်ဆိုပါ စို့
ကျွန်တော့် ကိုငါးပါး သီလ ကျိုးပေါက် တယ် လို့ ဆိုနိုင်မယ် မထင်ပါဘူး။
နောက်ပြီး ဘုရား ရှင် လက်ထက် တော် ကတည်း က ဘုရားရှင် ကိုယ်တော် မြတ်ကြီး က တပည့် သာဝက တွေ၊ လူပုဂ္ဂိုလ် တွေကို မသွားသင့် မသွား အပ် တဲ့ နေရာ တွေကို ပညတ်ထားတယ်လို့ မှတ်သားဘူး ပါတယ်။ ပညတ်ရတဲ့ အကြောင်းအရင်းတွေ လည်းရှိ မယ်လို့ ထင်ပါတယ်။
စာပေ နှံစပ် တဲ့ ရဟန်း ၊သံဃာ ၊လူပုဂ္ဂိုလ် များထံ မေးမြန်းလျှောက်ထားကြည့် ပါဦးမယ်။

ပြီးတော့ စိတ်ကို နိုင်နင်းအောင် ထိန်းချုပ် နိုင် ဘို့ စိတ်ကို နိုင်နင်း တဲ့ ကျင့် စဉ်တွေ ကို လေ့ကျင့် သင်ကြား ဘို့ လိုအပ်ပါ တယ်။
စိတ်ကို နိုင်နင်း တဲ့ ကျင့် စဉ်တွေ မကျင့် ဘဲ ဘယ်လို မှ စိတ်ကို နိုင်နင်းအောင် မထိန်းချုပ် နိုင်ပါဘူး။
စိတ်ကို နိုင်နင်း တဲ့ ကျင့် စဉ်တွေ ကို လေ့ကျင့် ဘို့ ဦး စွာ လို အပ်တာကတော့ သီလ ဖြစ်ပြီး သမာဓိ ကနောက်ကလိုက်ပါတယ်။
နောက်မှ စိတ်ကို သန့် ရှင်း စင်ကြယ်အောင်ပြု လုပ်ပေး နိုင်တာ ပညာ ပါဘဲ။
အဲဒီ ပညာ ဆိုတာ ကလည်း သီလ ၊သမာဓိ မပါ ရင် ပညာ ဘယ် လို မှ မဖြစ်နိုင် ပါဘူး။ သီလ ၊သမာဓိ ၊ ပညာ ဟာ တစ်ဆင့် ခြင်းသွားတာပါ။

မြတ်စွာဘုရား ဟောခဲ့ တာ ရှိပါတယ်။ အဲဒါက တော့" မကောင်းမှု့ ရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင် စိတ်ကိုထား " အဲဒါ မြတ်ဗုဒ္ဓ ဟောတဲ့ တရား လို့ ဆိုပါတယ်။ရှေ့ဆုံးက မကောင်းမှု ရှောင်ဆိုတာက (သီလ) ကိုခေါ်ဆိုပြီး၊ပြီး ကောင်းမှု့ဆောင် ဆိုတာက (သမာဓိ) ၊နောက်ဆုံး ဖြူအောင် စိတ်ကိုထား ဆိုတာက (ပညာ) ဖြစ်ပါတယ်။


ကိုယ်တွေ့ အတွေ့အကြုံ လေးနဲ့ ဓမ္မ အတွေ့ အကြုံ လေးတွေကို ရေးသား တင်ပြတာမို့ လို့ အားနည်း ချက်လေးများရှိနေနိုင် ပါတယ်။ ရှိရင် ကရုဏာ ထား သင်ပြ ပေးဘို့ တောင်းဆို ပါတယ်။
ဆိုက်တစ်ခု မှာ တင်ထားတဲ့ ပို့စ် မှတ်ချက် ကို ဖြေရှင်းထားတဲ့ ပို့စ် လေးပါ။

သီဟ (ချစ်သော ဈေးသည်)
၂၃း၀၀ (၁၇-၀၅-၁၁)

No comments:

Post a Comment