Tuesday, September 13, 2011

ကုလားလေး ဗုံမတီးနိုင်

ကုလားလေး ဗုံမတီးနိုင်
ရှေးအခါက ကုန်သည်တစ်စု သည် တစ်မြို့ဝင် တစ်မြို့ထွက်ဖြင့်  ကုန်စည်များ ကို လှည့်လည်ေ ရာင်းချ ပါသည်။
ထို့အဖွဲ့္ပ တွင် တောက်တိုမယ်ရ လုပ်ကို င်ေ ပးသော ဗုံတီး တတ်သည့် ကုလားလေး တစ်ယောက်လိုက်ပါလာသည် ။
ကုန်အဖွဲ့ရပ်နား တိုင်း ကုလားလေးသည် သူ၏ တောက်တိုမယ်ရ အလုပ်များ လုပ်ကိုင်ပြီးတိုင်း သူ၏ ဗုံလေးတီးကာ သီချင်းလေး ညည်းရင်း ပျော်ရွှင်စွာ ကခုန် ပါသည်။
ကုန်သည်အချို့က "သူကတော့ ဘယ်နားရောက်ရောက် ပျော်ရွှင်နေတာပဲ ၊ ငါတို့ကတော့ ကုန်ပစ္စည်းရောင်းရ ၀ယ်ရ  အရှုံး အမြတ်တွက် ရနဲ့ သူ့လောက် မပျော်ရွှင်နိုင်ဘူး"  လို့ ပြောဆို ညည်းတွား  ကြပါတယ်။
အဲဒါနဲ့ ကုန်သည် တစ်ဦးက ကုလားလေး ဗုံ မတီးနိုင်အောင်  မပျော်ရွှင်နိုင်အာင်  လုပ်ပြမယ် ဆိုပြီး ကုန်သည်တစ်ဦးစီ မှ ငွေစ နည်းနည်းစီ ယူပြီး  ကုလားလေးကို ငွေစ တစ်ဆယ်စ မုန်ဖိုးပေး လိုက်ပါတယ်။ ကုလားလေး က ဒီ လောက်များပြားလှတဲ့ ငွေစတွေကို မမြင်ဘူးတော့ အံသြ ၀မ်းသာ ပျော်ရွှင်နေတာပေါ့ ၊  ဒါနဲ့ ကုလားလေးလဲ သွားလေရာ ငွေထုပ်ကို ကျစ်ကျစ်ပါအောင် ထုပ်ပြီးယူသွားရတော့တာပေါ့ ကုလားလေးလဲငွေထုပ် ရရှိချိန်ကစပြီး ငွေထုပ်အခိုးခံရမှာ စိုးသည့် အတွက်ကြောင့် ကောင်းကောင်းမအိပ်ရ မစားရ ဖြစ်ကာ ဗုံမတီး၊ သီချင်းမဆိုနိုင်၊ မကခုန်နိုင်တော့ ပါဘူး။ ငွေထုပ် ရရှိချိန်ကစပြီး မပျော်ရွှင်တော့ပါဘူး။ တစ်နေ့တော့ ကုလားလေးလဲ ငွေပေးအပ်သောကုန်သည်များထံ ကျွန်ုပ်မှာ ဒီငွေထုပ် ပျောက်ရှမှာ ပူပန် ရသည့်အတွက်ကြောင့် ငွေထုပ်ကို ပြန်လည်လက်ခံပါဟု ပြောဆိုကာ ငွေထုပ်ကို ကုန်သည်များထံ ပြန်လည် ပေးအပ်လိုက်ပါတယ်။ ကုလားလေးလဲ သူ့မှာငွေထုပ်မရှိတော့မှ အပူအပင်ကင်း ပြီး  ယခင်ကကဲ့သို့ ပျော်ရွှင်စွာ သီဆို ကခုန်နိုင်ပါတော့တယ်။
ကျွန်တော်တို့ ဟာ လိုချင်တပ်မက်မှု့ များစွာနဲ့ လူ့လောကမှာ အရာရာကို ရယူ ပိုင်ဆိုင်နိုင်အောင် ကြိုးစားကြပါ တယ် ။
ရယူပိုင်ဆိုင်ပြီးတော့ လည်း ကျေနပ် နှစ်သိမ့် ပျော်ရွှင်မှု့ရကြပါသလား။
မရခင် မဖြစ်ခင်ကတော့ ရမှ ရပါမလား ဖြစ်မှ ဖြစ်ပါမလားလို့ ပူပန်ကြပါတယ်။
ရရှိပိုင်ဆိုင်ပြီးတော့လည်း ပျက်ဆီးသွားမှာ ဖျက်ဆီးခံရမှာကို ပူပန်ကြောင်းကြရပါတယ်။
ကိုယ့်ကိုယ် ချစ်ခင်နှစ်သက်စေချင်ကြပါတယ်။
လိုချင်တပ်မက်မှု့ များလေလေ ပူပန်ကြောင့်ကြမှု့ များလေလေပါပဲ။
လိုချင် တပ်မက်မှု့နည်းလေလေ ပူပန်ကြောင့်ကြမှု့ နည်းနည်းလေလေပါပဲ။
ဒါကြောင့် ရရှိလာတဲ့ အခြေအနေပေါ်မှာ သင့်တင့်မျှတသော ရောင့်ရဲမှု့ ရှိမယ်ဆိုရင် စိတ်ချမ်းသာပျော်ရွှင် နိုင်မှာ မလွဲ ပါဘူး။
ထို့ကြောင့် ကုလားလေး ဗုံမတီးနိုင် အဖြစ်ကဲ့သို့ မရောက်ရှိနိုင်အောင် မရောက်ရှိလေရအောင် ငွေထုပ်နှင့်တူသော ပစ္စည်း ဥစ္စာ၊ ရာထူး၊ စွဲလန်း မှု့ (လောဘ ၊တဏှာ) တို့ကို နည်းနိုင်သမျှ နည်းအောင် ကြိုးစား ရင်းဖြင့် ပျော် ၇ွှင်မှု့ ပန်းတိုင် ကိုရောက် ရှိ ခံစားနိုင်မည် ဟု ထင်မြင်မိပါသည်။

မှတ်ချက် -လူ့လောကတွင် ဘ၀ အောင်မြင်တိုးတက်ရေးအတွက် ကြိုးစားအားထုတ်ခြင်းကို ကန့်သတ် လိုခြင်း မဟုတ်ပဲ လောဘနည်းရန် နှင့် လောဘ နှင့် တဏှာ တို့ ကြောင့် ဖြစ်ပေါ် လာသော စိုးရိမ် ပူပန်မှု့ ကိုလျှော့ ချရန် ရည်ရွယ်ပါသည်။
ပို့စ် အဟောင်းကို အနည်းငယ် ပြင်ဆင်ထားပါတယ်။

သီဟ(၀၁-၁၁-၀၉)

No comments:

Post a Comment