Tuesday, September 13, 2011

ကဗျာ. ဆောင်းပါး

ကဗျာ. ဆောင်းပါး

ကကြီး ရေးတဲ.ကဗျာ ကို မှတ်ချက် ပေးဘို. ကြိုးစားရင်း ရှည်သွား လို. သည်ဆောင်းပါးလေး ဖြစ်လာတာပါ။
ညီလေးရေး တဲ.ကဗျာတွေထဲ မှာ ဒီတစ်ပုဒ် ပြောရဦးမယ် "အွန်းလိုင်း" ရယ်...... ကို တော်တော် ကြိုက်တယ်။
ကိုယ် ကိုယ်  တိုင်စာရေးခြင်း ထက် စာဖတ် ၀ါသနာ ပါသူ မို. စာကောင်းတွေ ရှာဖွေပြီး ဖတ်ပါတယ်။ရည်ရွယ်ချက် မဲ. အဓိပါယ် မဲ. တဲ.စာအချို. ကိုကျော်သွား ရင်ရပေမယ်.လည်း တွေ.မြင်ရ ရင် စာဖတ်သူ ကိုစော်ကားသလိုပါဘဲ။
တချို.၀တ္တုတွေ ကို ကိုယ်ပိုင် ယူဆချက် အတွေးအမြင် နဲ. မရေးဘဲ တိုက်၇ိုက် ပုံတူကူးပြီး ဖော်ပြရင်တော. မူရင်း စာရေးသူကို စော်ကားတာပါဘဲ။
ကိုယ်ပိုင် ယူဆချက် အတွေးအမြင် နဲ. ရေးရင်တော. ကော်ပီလို. မဆိုနိုင်ပါဘူး (ဥပမာ-ဘုရားဟော ပုံဝတ္တု နဲ. ရာဇ၀င် သမိုင်းကြောင်းတွေ) ရှေးကရေး ခဲ.လို.သာ စာကောင်းတွေ ဒီနေ.ဖတ် နေရတာပါ။ အကိုးအကား အချို.တော. လိုတာပေါ.။
ပုံမှန် စာရေးသူ တစ်ယောက်မှာ  ကိုယ်ပိုင် ဟန်နဲ. ကိုယ်ပိုင် အတွေး ရှိလို. ကော်ပီ ရေးသူနဲ. အရည်အချင်း များစွာ ကွာခြားပါတယ်။
စာဖတ်သက် ရင်.သူ တစ်ယောက် ဟာ ကော်ပီ နဲ.  ကိုယ်ပိုင်ီ ကို အလွယ်တကူ ခွဲခြား နိုင်ပါတယ်။
ကိုယ်ပိုင် စာရေးသူဟာ သူ.စာရဲ.ရည်ရွယ်ချက် ကို တစ်ခါတစ်ရံ ဖွက်ထားတတ် သလို ရည်ရွယ်ချက်ကို ထည်.သွင်းရေးတတ် ပါတယ်။
ကိုယ်ပိုင် ရေးသူက ဘယ်နေရာမှာ ဘာကြောင်. သည်စာလုံး ကို သုံးတယ် ၊ဘယ်နေ ရာမှာ သူ.ရဲ.ရည်၇ွယ်
ချက် ကို ဖွက်ထားတယ်။ ဘာကြောင်.သည်စာရေး ဘို. အကြောင်း ဖြစ်လာတယ်။သူ. အကြောင်းနဲ. သူ ရှိပါတယ်။ ကိုယ်ပိုင်ရေးတဲ.သူ ဟာ သူ.စာတွေ အကြောင်း အချိန်မရွေးရှင်းလင်းပြနိုင်ပါတယ်။
သူရေးတဲ.စာတွေဟာ သူ.ရဲ.ရင်သွေးတွေဖြစ်လို. အချိန်မရွေး တာဝန်ယူနိုင် ပါတယ်။ သူ.ရဲ.အရေးအသား မှားယွင်းသွားရင်တောင်မှ အချိန်မရွေး ပြုပြင် ပြင်ဆင်ဘို.သတ္တိ ရှိပါတယ်။
သားသမီး ကောင်းစားဘို. ဆုံးမ ၀ံ့တဲ. မိဘ လိုပါဘဲ။
ချွင်းချက်တစ်ခုတော.ရှိပါတယ် ကိုယ်ပိုင်စာရေးသူ ဟာ သူလေးစား အားကျ မိတဲ. ဆရာတွေရဲ. လွမ်းမိုး ခံရတတ်လို .အဲဒီဆရာတွေရဲ. ဟန်အချို. ရောနှော နေနိုင်ပါတယ်။
စာတွေ ဘယ်လောက်ရေးရေး ကဗျာတွေ ဘယ်လောက် ရေးရေး သူ.ရဲ.ကိုယ်ပိုင် ဟန်နဲ.အတွေးအခေါ်တွေ ကတော. ယိုင်နဲ. မသွားပါဘူး။

သီဟ(ချစ်သောဈေးသည်)
ဇန်န၀ါရီ 17, 2011 at 2:03pm

ဝတ္တု ကပေး သောအတွေး

ဝတ္တု ကပေး သောအတွေး

သီလ အကြောင်း စဉ်းစားရင်း ကျွန်တော်တို့ ငါးပါး သီလ ထိမ်းသိမ်းခြင်းရဲ့ အကျိုး အပြစ်ကို ကောင်းစွာ နားလည်ရဲ့သားနဲ့ဘာ့ကြောင့် မြဲအောင် ထိမ်းသိမ်းစောင်.ရှောက် နိုင်ခြင်း မရှိတာ လည်း ဆိုတာကို စဉ်းစားမိပါတယ် ။
ငါးပါးသီလ ချိုးဖောက်ဘို့ရာ ဦးစွာ စိတ်က ဦးဆောင် ပါတယ်။ နောက် နှုတ် နဲ့ ကာယကံက နောက်က လိုက်ပါတယ်။ စိတ်ကဦးဆောင်တယ်ဆိုတော့ အဲဒီ လိုစိတ်ဖြစ်လာအောင် အခြေအနေ အချို့ ကဖန်တီးပြီး စိတ်ကို စေ့ဆော်ပါတယ်။ အခြေအနေ အချို့ ဆိုရာမှာ ပင်ကိုယ် ဗီဇစရိုက် နဲ့ ပတ်ဝန်းကျင် တို့ က အဲသည်လို ဖြစ်လာအောင် တွန်းအား ပေးလာတာပါ။
ကျွန်တော် အကျဉ်း စခန်းတစ်ခု ကိုလေ့လာရေး သွားရောက် ခဲ့စဉ် ကံ ငါးပါး
မလုံလို့ အပြစ်ဒဏ် ကျခံနေတဲ့ သူအချို့နဲ့ တွေ. ဆုံမေးမြန်း ခဲ့ဘူးပါတယ်။ အဲဒီ ထဲ ကအတော်များများ တစ်ကြိမ်တစ်ခါမှား ယုံနဲ့အပြစ် သားဘ၀ကို ရောက်လာ ကြပါတယ်။
သူတို.နဲ့  တွေ.ဆုံပြီး မိမိကိုယ် မိမိဆင်ခြင်ကြည့်ပါတယ်။ ငါ ကော အဲသည် လို မဖြစ်ခဲ့ဘူးလား ပေါ့ သေသေချာစဉ်းစားတော့ ကျွန်တော် မကျေ နပ်တဲ့သူတွေကို အခြေအနေ ပေးလို့တုံ့ပြန်ခွင့်ရ ခဲ့ရင် ကျွန်တော်ကိုယ်တိုင် သူသတ်သမား ဖြစ်နိုင်တာပေါ့။
စိတ် က သာဖြစ်ခဲ့ပြီး အခြေအနေနဲ့ပတ်ဝန်းကျင်ရဲ့ပံ့ပိုးမှုမပါတော့ ကာယက၊ံ ၀စီကံ မမြောက်ပဲ သူတို့လို ဘ၀ မရောက်ဘူးပေါ့။ ပြစ်မှု့အမျိုးမျိုး ဟာလောဘ၊ဒေါသ၊မောဟ၊အတ္တ၊မာန် မာန ၊ တဏှာရာဂ၊သိက္ခာ ထိပါးမှု စတဲ့ အမျိုး မျိုးသော အကြောင်းအရာတွေ ကိုအခြေခံ ပါတယ်။
အရင်ခေတ် က စိတ်ထဲရှိတဲ့အရာတွေကို ထုတ်ဖော် ဖို့ မိသားစု ပတ်ဝန်းကျင် နဲ့ဓလေဲ့ ထုံးတမ်းကို ငဲ့ရတာနဲ့ နှုတ်နဲ့ကျူးလွန်ဖို့တောင်အတော်ခက် ပါတယ်။ အခုခေတ် က အင်တာနက် ခေတ် ဆို တော့ မိမိစိတ် ထဲမှာ ရှိတဲ့အရာတွေ ကိုစိတ်ထင်တိုင်း ယောကျားလေးရော၊မိန်းခလေး ရော စိတ်ထင်တိုင်း ထုတ်လွှတ်နေကြ တာပေါ့။
အင်တာနက်ကို မကောင်းဘူး မပြောပါဘူး ကျွန်တော်ကိုယ်တိုင် သည်ဆိုက်ထဲက ဘာသာရေး စာတွေ ဖတ်ပြီး ပြုပြင်ဖို့ကြိုးစားခဲ့ ပါ တယ်။မြင့်မြတ်တဲ့ အရိယာပုဂ္ဂိုလ်များကလွဲလို့-ှ အားလုံးသောသူတွေဟာ ပုထုဇဉ် တွေ ဖြစ်လို့မကောင်းမှု့ကို စိတ်နဲ့တော့ကျူးလွန် မိ ကြမှာပါ။
မကောင်းမှု့ သည်ဆိတ်ကွယ်ရာမရှိ စကားပုံရှိပါတယ်။ ၀စီကံ နဲ့ ကာယကံ ကိုတော့ မကျူးလွန် မိအောင်တော့ ရှောင်ရှား ရမှာဖြစ်ပါတယ်။ ၀စီကံ နဲ့ ကာယကံ ကိုလုံအောင်ထိမ်းနိုင်ရင်တော့ ကံငါးပါးလုံသွားပါပြီ။ ၀စီကံ နဲ့ကာယကံ ကိုလုံအောင်ထိမ်း နိုင်ဖို့ အပြောလွယ်သလောက် အလုပ်အင်မတန်ခက်ပါတယ်။
နည်းလမ်းမရှိ ဘူးလားဆိုတော့ရှိပါတယ် အဲဒါကတော့ ၀စီကံ နဲ့  ကာယကံမြောက်စေမယ်.အခြေအနေ အချိန်အခါ နဲ့ ပတ်ဝန်းကျင် တွေ ကိုရှောင်ကြဉ်ခြင်းပါဘဲ။ သည်အတွေးလေးဖြစ်ပေါ်လာစေ တာကတော့ ကိုဂျေ ရဲ့ ၀တ္တုလေး ဖတ်ပြီးမှပါ။ အားလုံးသော သူငယ်ချင်းများ မနောကံ အမှု ကို မထိမ်းသိမ်း နိုင်တောင်မှ ၀စီကံ နဲ့ ကာယကံ ကိုထိမ်းသိမ်းစောင်.ရှောက်နိုင်ပါစေ။

သီဟ(ချစ်သောဈေးသည်)
ဇန်န၀ါရီ 23, 2011 at 2:30pm

လူကြီး

လူကြီး လူကြီး ဆိုတဲ့ အဓိပါယ် ကို ဖွင့်ဆို ဘိုစဉ်းစား ရင်း
အခြေအနေ နှစ်ရပ်ကို စဉ်းစား တွေးတော မိပါတယ်
ကျွန်တော်တို့ ပုံမှန် မိသားစု အတွင်း မှာတော့
အသက် အရွယ်ကြီးရင့်သူများက မိသားစုကိုဦးဆောင်ကြလို့ များသောအားဖြင့်
အသက်ကြီးရင့်  သူများက လူကြီး များ ဖြစ်နေတတ် ပါတယ်။
ရပ်ကွက် အတွင်း မြို့ရွာ အတွင်း အဖွဲ့အစည်း အတွင်း စက်ရုံ အလုပ်ရုံများ အတွင်း
ဦးဆောင်သူများ  ဟာ အသက်အရွယ် ကြီးရင့်သူ ရော
အသက်အရွယ် ငယ်ရွယ်သူများ ကော ပါလာ တတ်ပါတယ်။
ကျွန်တော် ကတော့ လူကြီး ဆိုတဲ့ အဓီပါယ် ကို သက်ဆိုင်ရာ မိသားစုနေရာ
အသီးသီး တွင် ဦးဆောင်သူ ဦးစီးဆောင်ရွက်သူကိုလို့ ဆိုချင်ပါတယ်။
လူကြီးရဲ့တာဝန်များကတော့ မိမိ မိသားစု သို့အသင်းအဖွဲ့များ
သက်ဆိုင်ရာကဏများတိုးတက်ဖွံဖြိုးအောင်မြင်အောင် ဦးဆောင်ဦးရွက်
ပြုရမှာဖြစ်ပါတယ်။မိမိရဲ့ လက်အောက်အသင်းအဖွဲ့ မိသားစုအတွင်း ပြသနာများ
ပေါ်ပေါက်ခဲ့ရင်လည်း တာဝန်ယူဖြေရှင်းနိုင်ရမှာဖြစ်ပါတယ်။
ပြသနာများရဲ့ဖြစ်တည်ရာ အရင်းအမြစ်ကိုလည်းရှာဖွေပြီး ကျောသား
ရင်သားမခွဲခြားဘဲ စီမံဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းရှိရမှာပါ။
အသက်ကြီးယုံနဲ့ လူကြီးမဖြစ်သလို အသက်ငယ်တယ်ဆိုပြီးခလေးမဟုတ်ပါဘူး
အသက်ငယ်သည်ဖြစ်စေ အသက်ကြီးသည်ဖြစ်စေ ဦးစီးဦးဆောင်ပြုရတဲ့
မိသားစုအသင်းအဖွဲ့များကိုကြီးကြပ် သူများဟာ လူကြီးများပါဘဲ။
“သားသမီးမကောင်း မိဘခေါင်း”
“တပည့်မကောင်း ဆရာ့ခေါင်း” ဆိုတဲ့စကားပုံများ ရှိပါတယ်
အသင်းအဖွဲ့လက်အောက်ငယ်သားများ သားသမီးများတပည့်များ
အတွင်းပြသနာပေါ်ပေါက်လာပြီဆိုပါက ဦးဆောင်သူ လူကြီးများက
တာဝန်ယူရမှာဖြစ်ပါတယ်။ဒီပြသနာက သူတို့လုပ်တာဘဲ
ငါနဲ့မဆိုင်ဘူးဆိုပြီး“မျက်နှာလွဲခဲပစ်” လုပ်လို့မရပါဘူး။
မိမိရဲ့မိသားစု အသင်းအဖွဲ့အောင်မြင်အောင်လုပ်ဆောင်နိုင်တာလဲ
လူကြီးများရဲ့အရည်အချင်းဖြစ်သလို အဖွဲ့အစည်းအတွင်း ဆုတ်ယုတ်မှု
ဖြစ်ပေါ်စေတာလဲ လူကြီးများရဲ့
အရည်အချင်း ပါဘဲ။များသောအားဖြင့် မိသားစုအတွင်း ပြသနာများ ဖြစ်ပေါ်စေတာကတော့ စည်းကမ်းမဲ့
မှုများကြောင့်  ဖြစ်ပေါ် လာတာအများဆုံးပါဘဲ။
အဲဒီစည်းကမ်းများ ကို ဦးဆောင်သူ လူကြီးများ က ပြဌာန်း လေ့ရှိပါတယ်
အဲဒီထုတ်ပြန်ထားတဲ့ စည်းကမ်းများကို ဦးဆောင်သူလူကြီးများက စံနမူနာအဖြစ်
ကိုယ်တိုင် လိုက်နာရန်
ဖြစ်သလို မိမိ လက်အောက် ငယ်သားများ ကိုလည်း လိုက်နာစေရ မှာဖြစ်ပါတယ်။
ဦးဆောင် သူလူကြီးများ ကိုယ်တိုင် မလိုက်နာနိုင်ရင် လက်အောက် ငယ်သား
များကိုညီညွတ်လိုက်နာစေရန် ခဲယဉ်းစေမှာ ဖြစ်ပါတယ်။
ဦးဆောင်သူ လူကြီးများ ဟာ အကောင်းအဆိုး အမှားအမှန် ကိုဝေဖန်
ပိုင်းခြားနိုင်သူ ဖြစ်ရ ပါမယ်။ အကောင်း အဆိုး အမှားအမှန် ကို
ကောင်းမွန်စွာ ဝေဖန်ပိုင်းခြား နိုင်စွမ်း
မရှိရင်တော့ အခက်အခဲများ ကို
ဖြေရှင်းနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ နောက်ဆက်တွဲ  ပြသနာများ ကိုလည်း
ဖြေရှင်းနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။
လူကြီး ဆိုတာ အောက်လက် ငယ်သား များရဲ့ စံပြ နမူနာ ဖြစ်ရပါမယ်။ ဒါ့ကြောင့်
လူငယ် ကောင်းမှ လူကြီး ကောင်း ဖြစ်မယ်လို့ ဆိုနိုင်သလို ကျွန်တော် ကတော့ လူကြီးကောင်းမှ
လူငယ် ကောင်းမယ် လို့လည်း ဆိုလိုက်ချင်ပါတယ်။


သီဟ(ချစ်သောဈေးသည်)
ဇန်န၀ါရီ 30, 2011 at 2:31pm

ကုလားလေး ဗုံမတီးနိုင်

ကုလားလေး ဗုံမတီးနိုင်
ရှေးအခါက ကုန်သည်တစ်စု သည် တစ်မြို့ဝင် တစ်မြို့ထွက်ဖြင့်  ကုန်စည်များ ကို လှည့်လည်ေ ရာင်းချ ပါသည်။
ထို့အဖွဲ့္ပ တွင် တောက်တိုမယ်ရ လုပ်ကို င်ေ ပးသော ဗုံတီး တတ်သည့် ကုလားလေး တစ်ယောက်လိုက်ပါလာသည် ။
ကုန်အဖွဲ့ရပ်နား တိုင်း ကုလားလေးသည် သူ၏ တောက်တိုမယ်ရ အလုပ်များ လုပ်ကိုင်ပြီးတိုင်း သူ၏ ဗုံလေးတီးကာ သီချင်းလေး ညည်းရင်း ပျော်ရွှင်စွာ ကခုန် ပါသည်။
ကုန်သည်အချို့က "သူကတော့ ဘယ်နားရောက်ရောက် ပျော်ရွှင်နေတာပဲ ၊ ငါတို့ကတော့ ကုန်ပစ္စည်းရောင်းရ ၀ယ်ရ  အရှုံး အမြတ်တွက် ရနဲ့ သူ့လောက် မပျော်ရွှင်နိုင်ဘူး"  လို့ ပြောဆို ညည်းတွား  ကြပါတယ်။
အဲဒါနဲ့ ကုန်သည် တစ်ဦးက ကုလားလေး ဗုံ မတီးနိုင်အောင်  မပျော်ရွှင်နိုင်အာင်  လုပ်ပြမယ် ဆိုပြီး ကုန်သည်တစ်ဦးစီ မှ ငွေစ နည်းနည်းစီ ယူပြီး  ကုလားလေးကို ငွေစ တစ်ဆယ်စ မုန်ဖိုးပေး လိုက်ပါတယ်။ ကုလားလေး က ဒီ လောက်များပြားလှတဲ့ ငွေစတွေကို မမြင်ဘူးတော့ အံသြ ၀မ်းသာ ပျော်ရွှင်နေတာပေါ့ ၊  ဒါနဲ့ ကုလားလေးလဲ သွားလေရာ ငွေထုပ်ကို ကျစ်ကျစ်ပါအောင် ထုပ်ပြီးယူသွားရတော့တာပေါ့ ကုလားလေးလဲငွေထုပ် ရရှိချိန်ကစပြီး ငွေထုပ်အခိုးခံရမှာ စိုးသည့် အတွက်ကြောင့် ကောင်းကောင်းမအိပ်ရ မစားရ ဖြစ်ကာ ဗုံမတီး၊ သီချင်းမဆိုနိုင်၊ မကခုန်နိုင်တော့ ပါဘူး။ ငွေထုပ် ရရှိချိန်ကစပြီး မပျော်ရွှင်တော့ပါဘူး။ တစ်နေ့တော့ ကုလားလေးလဲ ငွေပေးအပ်သောကုန်သည်များထံ ကျွန်ုပ်မှာ ဒီငွေထုပ် ပျောက်ရှမှာ ပူပန် ရသည့်အတွက်ကြောင့် ငွေထုပ်ကို ပြန်လည်လက်ခံပါဟု ပြောဆိုကာ ငွေထုပ်ကို ကုန်သည်များထံ ပြန်လည် ပေးအပ်လိုက်ပါတယ်။ ကုလားလေးလဲ သူ့မှာငွေထုပ်မရှိတော့မှ အပူအပင်ကင်း ပြီး  ယခင်ကကဲ့သို့ ပျော်ရွှင်စွာ သီဆို ကခုန်နိုင်ပါတော့တယ်။
ကျွန်တော်တို့ ဟာ လိုချင်တပ်မက်မှု့ များစွာနဲ့ လူ့လောကမှာ အရာရာကို ရယူ ပိုင်ဆိုင်နိုင်အောင် ကြိုးစားကြပါ တယ် ။
ရယူပိုင်ဆိုင်ပြီးတော့ လည်း ကျေနပ် နှစ်သိမ့် ပျော်ရွှင်မှု့ရကြပါသလား။
မရခင် မဖြစ်ခင်ကတော့ ရမှ ရပါမလား ဖြစ်မှ ဖြစ်ပါမလားလို့ ပူပန်ကြပါတယ်။
ရရှိပိုင်ဆိုင်ပြီးတော့လည်း ပျက်ဆီးသွားမှာ ဖျက်ဆီးခံရမှာကို ပူပန်ကြောင်းကြရပါတယ်။
ကိုယ့်ကိုယ် ချစ်ခင်နှစ်သက်စေချင်ကြပါတယ်။
လိုချင်တပ်မက်မှု့ များလေလေ ပူပန်ကြောင့်ကြမှု့ များလေလေပါပဲ။
လိုချင် တပ်မက်မှု့နည်းလေလေ ပူပန်ကြောင့်ကြမှု့ နည်းနည်းလေလေပါပဲ။
ဒါကြောင့် ရရှိလာတဲ့ အခြေအနေပေါ်မှာ သင့်တင့်မျှတသော ရောင့်ရဲမှု့ ရှိမယ်ဆိုရင် စိတ်ချမ်းသာပျော်ရွှင် နိုင်မှာ မလွဲ ပါဘူး။
ထို့ကြောင့် ကုလားလေး ဗုံမတီးနိုင် အဖြစ်ကဲ့သို့ မရောက်ရှိနိုင်အောင် မရောက်ရှိလေရအောင် ငွေထုပ်နှင့်တူသော ပစ္စည်း ဥစ္စာ၊ ရာထူး၊ စွဲလန်း မှု့ (လောဘ ၊တဏှာ) တို့ကို နည်းနိုင်သမျှ နည်းအောင် ကြိုးစား ရင်းဖြင့် ပျော် ၇ွှင်မှု့ ပန်းတိုင် ကိုရောက် ရှိ ခံစားနိုင်မည် ဟု ထင်မြင်မိပါသည်။

မှတ်ချက် -လူ့လောကတွင် ဘ၀ အောင်မြင်တိုးတက်ရေးအတွက် ကြိုးစားအားထုတ်ခြင်းကို ကန့်သတ် လိုခြင်း မဟုတ်ပဲ လောဘနည်းရန် နှင့် လောဘ နှင့် တဏှာ တို့ ကြောင့် ဖြစ်ပေါ် လာသော စိုးရိမ် ပူပန်မှု့ ကိုလျှော့ ချရန် ရည်ရွယ်ပါသည်။
ပို့စ် အဟောင်းကို အနည်းငယ် ပြင်ဆင်ထားပါတယ်။

သီဟ(၀၁-၁၁-၀၉)

ပန်းကန် လေး ရဲ့ ရာဇ၀င်

ပန်းကန် လေး ရဲ့ ရာဇ၀င်

လွန်ခဲ့တဲ့ နှစ်က မန္တလေး ကိုအလည်ရောက် စဉ် အဖေ့ သူငယ်ချင်း ဖြစ်သူ ရဲ့ နေအိမ် မှာခေတ္တ တည်းခို နေထိုင် ခဲ့ပါတယ်။ဖခင် ၀န်ထမ်း ဘ၀ ကတည်း က နှစ်ပေါင်း နှစ်ဆယ် ကျော် အတူတူ တာဝန် ထမ်းဆောင် ဘူးလို့ မိတ်ဆွေ ရင်းခြာ အဆင့် တွင်မက ဘဲဆွေမျိုးရင်းခြာ ပမာ ခင်မင်ကြ ပါတယ်။

မတွေ့တာ ကြာပြီ ဖြစ်တဲ့ ကျွန်တော့ကို ဧည့်သည် ကြီးတစ်ဦး လို စားသောက်ဆိုင် က မှာယူ ကျွေးမွေးပါတယ်။ထမင်းဝိုင်း မှာ အိမ် ရှင်အန်တီ က အိမ်ရှေ့ ဘီဒို ထဲ က ပန်းကန် အသစ်တွေ ထုတ်ပြီး ဧည့် ခံပါတယ်။အန်ကယ်က သူ့ဇနီး ကို "ဧည့် တွေ ဘဲ ပန်းကန် အသစ် နဲ့ တန်တယ်၊ ငါတို့ အိမ်ရှင် တွေက တော့ ပန်းကန် အစုတ် နဲ့ဘဲ တန်တယ် "ဆိုပြီး ခနိုးခနဲ့ စကားဆိုပါတယ်။ပန်းကန် အသစ်တွေ ဟောင်းသွား မှာ စိုးရိမ် တဲ့ ဇနီးသည် ကို နောက်ပြောင် လိုပုံ ရပါတယ်။

အန်ကယ် နဲ့ ဖေဖေ လွန်ခဲ့တဲ့ နှစ် သုံးဆယ် လောက်က အနောက် နိုင်ငံ ကို ပညာတော် သင် သွှားကြတာကို အမှတ်ရ မိပါတယ်။အဲဒီ အချိန် က နိုင်ငံခြား သွားရတယ် ဆိုတာ တော်တော် လေးကို ဂုဏ် ရှိတာကိုး။ ဖေဖေ က သူရောက်ဘူး တဲ့ မြို့တွေ ကိုအမှတ် ရစေ ဘို့ဓာတ်ပုံ ရိုက်၊ အမှတ် တရ ပစ္စည်းတွေ ၀ယ်ပါတယ်။

အနောက် နိုင်ငံက မြို့တစ် မြို့ အမည်နဲ့ အမှတ် တံဆိပ် ပါတဲ့ စတီး ပန်းကန်ပြား တစ်ချပ် ကိုလည်း ၀ယ်ယူ ခဲ့ပါတယ်။ဝန်ထမ်းဖြစ်လို့ အိမ်တွေ မကြာခဏ ပြောင်းရ ပေမယ့်လည်း အဲဒီ ပန်းကန်ပြား ကို အိမ်ရှေ့ အလှဘီဒို ထဲ အမြဲထည့် ထားပါတယ်။အဲဒီ ပန်းကန် ပြား က အိမ်ရှင် နိုင်ငံခြားကို ရောက်ဘူးကြောင်း သူဟာနိုင်ငံခြားက လာတဲ့ တန်ဘိုးရှိ ပန်းကန်ဆိုတာ ကို ပြဆိုနေပါတယ်။

နောက် ပန်းကန်တစ်ချပ် ကတော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အဘွားရက်လည် ဆွမ်းကျွေး ဘို့ ပန်းကန် နဲနဲ လိုအပ်တာ နဲ့ ၀င်းသူဇာ အရောင်း ဆိုင် က ဈေးပေါပေါ နဲ့ ၀ယ်ယူ ခဲ့တဲ့ ပန်းကန် နှစ်သေတ္တာ ထဲကပါ။ ဈေးပေါတဲ့ အဲဒီ ပန်းကန်တွေ ဟာ ဘာကနုတ် ပန်း မှ မပါတဲ့ အပြင် အပူနဲနဲ ထိတာနဲ့ ပိန်လိန် ကုန်ပါတယ်။ ပိန်လိန်ပြီး မလှ ပတဲ့ အဲဒီ ပန်းကန် ကို ဘယ်သူ မှ ထမင်းထည့် မစား ချင်ကြ ပါဘူး။ ဟင်းရည် ပန်းကန် အောက် ကခံ ဘို့ နဲ့ အရိုး ထည့် ဘို့ လောက်သာ ရည်ရွယ် ပြီး အကြမ်းသုံး ပါတယ်။အဲဒီ ပန်းကန် နဲ့အတူ ၀ယ်လာခဲ့ တဲ့ ပန်းကန် တွေက တော့ နာဂစ် ဒဏ်ခံ လိပ်ကျွန်း ရွာ မှာ လှုဒါန်း ခဲ့ပြီးပါပြီ။ အဲဒီ ပိန်ပိန်လိန်လိန် ပန်းကန်လေး က အခု ဆို အက်ရာတောင်ထင်နေ ပါပြီ။

ကျွန်တော် အမှတ်တရ စတီး ပန်းကန် လေးနဲ့ အက်ကွဲ တော့မယ့် ပိန်ပိန် လိန်လိန် ပန်းကန် လေးကို ခေတ္တ အသက် သွင်းကြည့်ချင် ပါတယ်။
-အမှတ် တရ စတီး ပန်းကန် လေးက အလှ ဘီဒို ထှဲမှာ ဂုဏ်ယူ စွာနဲ သူ့ ဘ၀သူ့  ကျေနပ် နေမလား။ -
ဒါမှ မဟုတ် ပန်းကန် ရဲ့ ဘ၀ ကိုလက်တွေ့ အသုံးချ နေတဲ့ ပိန်ပိန် လိန်လိန် ပန်းကန် လေး ကို ဘဲ အားကျ ပြီး သူ့ ဘ၀ သူငြီးငွေ့နေမလား။
-ပိန်ပိန် လိန်လိန် ပန်းကန်လေး ကကော အေးအေး သက်သာနေ ရတဲ့ အလှပြ စတီးပန်းကန် နေ ရာလေးကို တပ်မက်နေ မလား။
-ဒါမှ မဟုတ် ကျရာ တာဝန် ထမ်းဆောင်ပြီး ကွဲကြေသွား လို့ အမှုက် ပုံးထဲ ရောက် မှာကို သိရက် နဲ့တောင် အိမ်ရှင် အတွက် ပေးဆပ် ရင်းအသုံးဝင်တဲ့ သူ့ ဘ၀ သူကျေ နပ် နှစ်သက်နေ မလား။

ကဲ သူငယ်ချင်းတို့ ရော အဲဒီ ပန်းကန် လေးနှစ် ချပ် ထဲ တစ်ချပ် ဖြစ်ရ မယ် ဆိုရင် ဘယ်လို ပန်းကန် လေးဖြစ်ချင်တယ် ဆိုတာပြောပြ ပေးကြပါလား။


သီဟ (၂၃း၄၅) (၁၆-၀၅-၁၁)

စိတ်

စိတ်


အလုံးစုံ သော အကုသိုလ် ကိုထိန်း ချုပ် အောင်မြင် နိုင်တာလည်း စိတ်ဖြစ် သလို အလုံး စုံသော အကုသိုလ် ကိုပြုမူဆောင် ရွက်နိုင်တာလည်း စိတ်ပါ ဘဲ။
လူအများစု ဟာပုထုဇဉ် တွေ ဖြစ် လို့ စိတ်ကို နိုင်နင်း အောင်မြင်ဘို့ မလွယ် ပါဘူး။
စိတ် ကိုနိုင်နင်းအောင်မြင် ဘို့ အတွက် တည်ကြည် တဲ့ သမာဓိ လိုပါတယ်။ အဲဒီ တည်ကြည် တဲ့ သမာဓိ ရဘို့ အတွက် သီလ က လည်းလိုနေပြန်ပါတယ်။

ဥပမာ ပေးရ ရင် ကျွန်တော် က ကာယ ဒုစရိုက်၊ ၀စီ ဒုစရိုက် တွေကိုရှောင် ကြဉ် ပြီး၊ စိတ် နဲ့ ငါးပါး သီလ ကျူးလွန် တယ်ဆိုပါ စို့
ကျွန်တော့် ကိုငါးပါး သီလ ကျိုးပေါက် တယ် လို့ ဆိုနိုင်မယ် မထင်ပါဘူး။
နောက်ပြီး ဘုရား ရှင် လက်ထက် တော် ကတည်း က ဘုရားရှင် ကိုယ်တော် မြတ်ကြီး က တပည့် သာဝက တွေ၊ လူပုဂ္ဂိုလ် တွေကို မသွားသင့် မသွား အပ် တဲ့ နေရာ တွေကို ပညတ်ထားတယ်လို့ မှတ်သားဘူး ပါတယ်။ ပညတ်ရတဲ့ အကြောင်းအရင်းတွေ လည်းရှိ မယ်လို့ ထင်ပါတယ်။
စာပေ နှံစပ် တဲ့ ရဟန်း ၊သံဃာ ၊လူပုဂ္ဂိုလ် များထံ မေးမြန်းလျှောက်ထားကြည့် ပါဦးမယ်။

ပြီးတော့ စိတ်ကို နိုင်နင်းအောင် ထိန်းချုပ် နိုင် ဘို့ စိတ်ကို နိုင်နင်း တဲ့ ကျင့် စဉ်တွေ ကို လေ့ကျင့် သင်ကြား ဘို့ လိုအပ်ပါ တယ်။
စိတ်ကို နိုင်နင်း တဲ့ ကျင့် စဉ်တွေ မကျင့် ဘဲ ဘယ်လို မှ စိတ်ကို နိုင်နင်းအောင် မထိန်းချုပ် နိုင်ပါဘူး။
စိတ်ကို နိုင်နင်း တဲ့ ကျင့် စဉ်တွေ ကို လေ့ကျင့် ဘို့ ဦး စွာ လို အပ်တာကတော့ သီလ ဖြစ်ပြီး သမာဓိ ကနောက်ကလိုက်ပါတယ်။
နောက်မှ စိတ်ကို သန့် ရှင်း စင်ကြယ်အောင်ပြု လုပ်ပေး နိုင်တာ ပညာ ပါဘဲ။
အဲဒီ ပညာ ဆိုတာ ကလည်း သီလ ၊သမာဓိ မပါ ရင် ပညာ ဘယ် လို မှ မဖြစ်နိုင် ပါဘူး။ သီလ ၊သမာဓိ ၊ ပညာ ဟာ တစ်ဆင့် ခြင်းသွားတာပါ။

မြတ်စွာဘုရား ဟောခဲ့ တာ ရှိပါတယ်။ အဲဒါက တော့" မကောင်းမှု့ ရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင် စိတ်ကိုထား " အဲဒါ မြတ်ဗုဒ္ဓ ဟောတဲ့ တရား လို့ ဆိုပါတယ်။ရှေ့ဆုံးက မကောင်းမှု ရှောင်ဆိုတာက (သီလ) ကိုခေါ်ဆိုပြီး၊ပြီး ကောင်းမှု့ဆောင် ဆိုတာက (သမာဓိ) ၊နောက်ဆုံး ဖြူအောင် စိတ်ကိုထား ဆိုတာက (ပညာ) ဖြစ်ပါတယ်။


ကိုယ်တွေ့ အတွေ့အကြုံ လေးနဲ့ ဓမ္မ အတွေ့ အကြုံ လေးတွေကို ရေးသား တင်ပြတာမို့ လို့ အားနည်း ချက်လေးများရှိနေနိုင် ပါတယ်။ ရှိရင် ကရုဏာ ထား သင်ပြ ပေးဘို့ တောင်းဆို ပါတယ်။
ဆိုက်တစ်ခု မှာ တင်ထားတဲ့ ပို့စ် မှတ်ချက် ကို ဖြေရှင်းထားတဲ့ ပို့စ် လေးပါ။

သီဟ (ချစ်သော ဈေးသည်)
၂၃း၀၀ (၁၇-၀၅-၁၁)

ငရုပ်သီး စားကြ သူများ

ငရုပ်သီး စားကြ သူများ


ငရုတ်သီးကိုလူတိုင်းနီးပါးစားဘူးကြမည်ထင်ပါသည်။

ငရုတ်သီး၏ ပူလောင်သောစပ်သော ခံစားမှုကြောင့် လျှာရင်းမျက်စေကာ ထမင်းလည်းမြိန်စေပါသည်။

ထို့အတူ ငရုတ်သီး၏ ဘေးထွက်ဆိုးကျိုးများဖြစ်သော ဗိုက်နာခြင်းဝမ်းကိုက်ခြင်းများကိုလည်း

ခံစားဖူးကြမည်ထင်ပါသည်။

သို့ သော်လည်း

မည်မျှပင်ဘေးထွက်ဆိုးကျိုးများ ရှိရှိ ငရုတ်သီးကိုကျွန်တော်တို့နှစ်ခြိုက်စွာစားသုံးနေကြမြဲ ဖြစ်ပါတယ်။

ငရုတ်သီးအကြောင်းစဉ်းစားရင်း

လွန်ခဲ့ သော ၂ နှစ်ခန့် က မိုးကုတ် ၀ိပဿနာအဖွဲ့ ချုပ်တွင် ဆရာတော်ကြီးတစ်ပါးဟောကြားတော်မူသော

ငရုတ်သီးတရားကိုသတိရမိပါသည်။

ထိုတရားကို ကိုယ်တိုင်မနာဘူးသော်လည်း ညီမဖြစ်သူမှပြန်လည်ပြောပြခဲ့ သဖြင့်ကြားသိခဲ့ ရပါသည်။

ထိုဆရာတော်ငယ်စဉ်က အလှူအိမ်မှ ဆွမ်းစားဖိတ်သဖြင့် အလှူအိမ်သို့ကြွရောက်ခဲ့ ပါသည်။

အလှူရှင် မှဆရာတော်အား မွန်မြတ်သောဟင်းလျာများဖြင့်ဆက်ကပ် ပါသည်။

ထိုဟင်းလျာများထဲမှ ငရုတ်သီးကိုချက်ထားသော ဟင်းလျာမှာမွှေးကြိုင်လှပြီး ဘုန်းမပေးဘူးသဖြင့်

စမ်းသပ်ဘုန်းပေးမှပဲဟု ဆုံးဖြတ်ပြီးအရသာတွေ့ လှသဖြင့် အတော်များများ ဘုန်းပေးလိုက်ပ်ါသည်။

ဆရာတော်သည်နောက်တစ်နေ့ တွင် ဗိုက်နာပြီး ၀မ်းလျှောတော်မူသဖြင့်ဆေးခန်းပြရပါသည်။

၎..၅ ရက်ခန့် ဆေးထိုးဆေးသောက်ပြီးမှ ပျောက်သည်ဟုမိန့်ပါသည်။

ဆရာဝန်က ဆရာတော်၏ အစာအိမ်မှာ ငရုတ်သီးနှင့်လုံးဝမတည့် ၊

ငရုတ်သီးကို ရာသက်ပန်ရှောင်ကြဉ်သင့်ပါတယ်ဘုရားဟုလျှောက်ထားပါတယ်။

နောက် ၄...၅ နှစ်ကြာတဲ့ အခါမှာ ဆွမ်းစားဖိတ်တာနဲ့ နောက်ထပ်ငရုတ်သီးဟင်းတွေ့ ဆုံရပြန်ပါတယ်။

ဆရာတော်စိတ်ထဲမှာ အင်း

ဒီငရုတ်သီးဟင်းကိုစားမိရင် ဗိုက်နာမယ် ၀မ်းပျက်မယ်၊

တဖက်ကလဲဆွမ်းမမြိန်တာကြာပြီ ငရုတ်သီးဟင်းနဲနဲလောက်စားလို့ လည်း ဘာမှမဖြစ်တန်ကောင်းဘူးလို့ 

စဉ်းစားပြီး

ငရုတ်သီးဟင်းကိုဘုန်းပေးတော်မူပါတယ်။

ငရုတ်သီးဟင်းတို့  ထုံးစံအတိုင်း ဆရာတော်လည်းဗိုက်ပြန်နာတော

တာပေါ့။

ဆရာတော်က ပထမအကြိမ် စားတုန်းက မသိလို့  (အ၀ိဇာ ဖြင့် )စားမိပါတယ်

ထို့ကြောင့် ဗိုက်နာဝမ်းကိုက် (ဒုက္ခ) ဖြစ်ရတယ်ဟ။

ဒုတိယအကြိမ် စားသုံးခြင်းက တော့  ဗိုက်နာဝမ်းကိုက်ဖြစ်မဲ့  ဒုက္ခကို

သိပေမယ့် လည်း တမင်းမြိန်စေမဲ့  ရသာတဏှာတွေကြောင့်ဒုက္ခဖြစ်ရတယ် ဆိုပြီး

မသိမှု အ၀ိဇာနှင့်စွဲလန်းမှု တဏှာကြောင့်

လူတွေဒုက္ခ သံသရာစက်ဝိုင်းလည်နေပုံကို

ကျွန်တော်တို့ပုထုဇဉ်များနားလည်အောင်သွယ်ဝိုက်ပြီး ရှင်းပြတော်မူပါတယ်။

ကျွန်တော်တို့  ပုထုဇဉ်များသည်လည်း ငရုတ်သီး နှင့်တူတဲ့ အရာများ

အကြိမ်ကြိမ် စားသုံးပြီး ဒုက္ခရောက်ရပုံ သတိသံဝေဂ ရစေရန်ရည်ရွယ်ပါတယ်။


ဒီ ပို့ စ်ကို မအေးချမ်းဖြူ ရဲ့ ငရုတ်သီးဟင်းအကြောင်း ဖတ်ပြီးကတည်းက

စိတ်ကူးထဲရေးသားပြီးသားပါ၊ အားနည်းချက်လိုအပ်ချက် များရှိပါက စာရေးသူရဲ့ 

အပေါ် စေတနာထားပြီး ပြုပြင်ပေးစေလိုပါတယ်။

သီဟ (၀၂-၀၆၀၂၀၁၀)