Tuesday, September 13, 2011

ငရုပ်သီး စားကြ သူများ

ငရုပ်သီး စားကြ သူများ


ငရုတ်သီးကိုလူတိုင်းနီးပါးစားဘူးကြမည်ထင်ပါသည်။

ငရုတ်သီး၏ ပူလောင်သောစပ်သော ခံစားမှုကြောင့် လျှာရင်းမျက်စေကာ ထမင်းလည်းမြိန်စေပါသည်။

ထို့အတူ ငရုတ်သီး၏ ဘေးထွက်ဆိုးကျိုးများဖြစ်သော ဗိုက်နာခြင်းဝမ်းကိုက်ခြင်းများကိုလည်း

ခံစားဖူးကြမည်ထင်ပါသည်။

သို့ သော်လည်း

မည်မျှပင်ဘေးထွက်ဆိုးကျိုးများ ရှိရှိ ငရုတ်သီးကိုကျွန်တော်တို့နှစ်ခြိုက်စွာစားသုံးနေကြမြဲ ဖြစ်ပါတယ်။

ငရုတ်သီးအကြောင်းစဉ်းစားရင်း

လွန်ခဲ့ သော ၂ နှစ်ခန့် က မိုးကုတ် ၀ိပဿနာအဖွဲ့ ချုပ်တွင် ဆရာတော်ကြီးတစ်ပါးဟောကြားတော်မူသော

ငရုတ်သီးတရားကိုသတိရမိပါသည်။

ထိုတရားကို ကိုယ်တိုင်မနာဘူးသော်လည်း ညီမဖြစ်သူမှပြန်လည်ပြောပြခဲ့ သဖြင့်ကြားသိခဲ့ ရပါသည်။

ထိုဆရာတော်ငယ်စဉ်က အလှူအိမ်မှ ဆွမ်းစားဖိတ်သဖြင့် အလှူအိမ်သို့ကြွရောက်ခဲ့ ပါသည်။

အလှူရှင် မှဆရာတော်အား မွန်မြတ်သောဟင်းလျာများဖြင့်ဆက်ကပ် ပါသည်။

ထိုဟင်းလျာများထဲမှ ငရုတ်သီးကိုချက်ထားသော ဟင်းလျာမှာမွှေးကြိုင်လှပြီး ဘုန်းမပေးဘူးသဖြင့်

စမ်းသပ်ဘုန်းပေးမှပဲဟု ဆုံးဖြတ်ပြီးအရသာတွေ့ လှသဖြင့် အတော်များများ ဘုန်းပေးလိုက်ပ်ါသည်။

ဆရာတော်သည်နောက်တစ်နေ့ တွင် ဗိုက်နာပြီး ၀မ်းလျှောတော်မူသဖြင့်ဆေးခန်းပြရပါသည်။

၎..၅ ရက်ခန့် ဆေးထိုးဆေးသောက်ပြီးမှ ပျောက်သည်ဟုမိန့်ပါသည်။

ဆရာဝန်က ဆရာတော်၏ အစာအိမ်မှာ ငရုတ်သီးနှင့်လုံးဝမတည့် ၊

ငရုတ်သီးကို ရာသက်ပန်ရှောင်ကြဉ်သင့်ပါတယ်ဘုရားဟုလျှောက်ထားပါတယ်။

နောက် ၄...၅ နှစ်ကြာတဲ့ အခါမှာ ဆွမ်းစားဖိတ်တာနဲ့ နောက်ထပ်ငရုတ်သီးဟင်းတွေ့ ဆုံရပြန်ပါတယ်။

ဆရာတော်စိတ်ထဲမှာ အင်း

ဒီငရုတ်သီးဟင်းကိုစားမိရင် ဗိုက်နာမယ် ၀မ်းပျက်မယ်၊

တဖက်ကလဲဆွမ်းမမြိန်တာကြာပြီ ငရုတ်သီးဟင်းနဲနဲလောက်စားလို့ လည်း ဘာမှမဖြစ်တန်ကောင်းဘူးလို့ 

စဉ်းစားပြီး

ငရုတ်သီးဟင်းကိုဘုန်းပေးတော်မူပါတယ်။

ငရုတ်သီးဟင်းတို့  ထုံးစံအတိုင်း ဆရာတော်လည်းဗိုက်ပြန်နာတော

တာပေါ့။

ဆရာတော်က ပထမအကြိမ် စားတုန်းက မသိလို့  (အ၀ိဇာ ဖြင့် )စားမိပါတယ်

ထို့ကြောင့် ဗိုက်နာဝမ်းကိုက် (ဒုက္ခ) ဖြစ်ရတယ်ဟ။

ဒုတိယအကြိမ် စားသုံးခြင်းက တော့  ဗိုက်နာဝမ်းကိုက်ဖြစ်မဲ့  ဒုက္ခကို

သိပေမယ့် လည်း တမင်းမြိန်စေမဲ့  ရသာတဏှာတွေကြောင့်ဒုက္ခဖြစ်ရတယ် ဆိုပြီး

မသိမှု အ၀ိဇာနှင့်စွဲလန်းမှု တဏှာကြောင့်

လူတွေဒုက္ခ သံသရာစက်ဝိုင်းလည်နေပုံကို

ကျွန်တော်တို့ပုထုဇဉ်များနားလည်အောင်သွယ်ဝိုက်ပြီး ရှင်းပြတော်မူပါတယ်။

ကျွန်တော်တို့  ပုထုဇဉ်များသည်လည်း ငရုတ်သီး နှင့်တူတဲ့ အရာများ

အကြိမ်ကြိမ် စားသုံးပြီး ဒုက္ခရောက်ရပုံ သတိသံဝေဂ ရစေရန်ရည်ရွယ်ပါတယ်။


ဒီ ပို့ စ်ကို မအေးချမ်းဖြူ ရဲ့ ငရုတ်သီးဟင်းအကြောင်း ဖတ်ပြီးကတည်းက

စိတ်ကူးထဲရေးသားပြီးသားပါ၊ အားနည်းချက်လိုအပ်ချက် များရှိပါက စာရေးသူရဲ့ 

အပေါ် စေတနာထားပြီး ပြုပြင်ပေးစေလိုပါတယ်။

သီဟ (၀၂-၀၆၀၂၀၁၀)

No comments:

Post a Comment