Tuesday, September 13, 2011

လူကြီး

လူကြီး လူကြီး ဆိုတဲ့ အဓိပါယ် ကို ဖွင့်ဆို ဘိုစဉ်းစား ရင်း
အခြေအနေ နှစ်ရပ်ကို စဉ်းစား တွေးတော မိပါတယ်
ကျွန်တော်တို့ ပုံမှန် မိသားစု အတွင်း မှာတော့
အသက် အရွယ်ကြီးရင့်သူများက မိသားစုကိုဦးဆောင်ကြလို့ များသောအားဖြင့်
အသက်ကြီးရင့်  သူများက လူကြီး များ ဖြစ်နေတတ် ပါတယ်။
ရပ်ကွက် အတွင်း မြို့ရွာ အတွင်း အဖွဲ့အစည်း အတွင်း စက်ရုံ အလုပ်ရုံများ အတွင်း
ဦးဆောင်သူများ  ဟာ အသက်အရွယ် ကြီးရင့်သူ ရော
အသက်အရွယ် ငယ်ရွယ်သူများ ကော ပါလာ တတ်ပါတယ်။
ကျွန်တော် ကတော့ လူကြီး ဆိုတဲ့ အဓီပါယ် ကို သက်ဆိုင်ရာ မိသားစုနေရာ
အသီးသီး တွင် ဦးဆောင်သူ ဦးစီးဆောင်ရွက်သူကိုလို့ ဆိုချင်ပါတယ်။
လူကြီးရဲ့တာဝန်များကတော့ မိမိ မိသားစု သို့အသင်းအဖွဲ့များ
သက်ဆိုင်ရာကဏများတိုးတက်ဖွံဖြိုးအောင်မြင်အောင် ဦးဆောင်ဦးရွက်
ပြုရမှာဖြစ်ပါတယ်။မိမိရဲ့ လက်အောက်အသင်းအဖွဲ့ မိသားစုအတွင်း ပြသနာများ
ပေါ်ပေါက်ခဲ့ရင်လည်း တာဝန်ယူဖြေရှင်းနိုင်ရမှာဖြစ်ပါတယ်။
ပြသနာများရဲ့ဖြစ်တည်ရာ အရင်းအမြစ်ကိုလည်းရှာဖွေပြီး ကျောသား
ရင်သားမခွဲခြားဘဲ စီမံဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းရှိရမှာပါ။
အသက်ကြီးယုံနဲ့ လူကြီးမဖြစ်သလို အသက်ငယ်တယ်ဆိုပြီးခလေးမဟုတ်ပါဘူး
အသက်ငယ်သည်ဖြစ်စေ အသက်ကြီးသည်ဖြစ်စေ ဦးစီးဦးဆောင်ပြုရတဲ့
မိသားစုအသင်းအဖွဲ့များကိုကြီးကြပ် သူများဟာ လူကြီးများပါဘဲ။
“သားသမီးမကောင်း မိဘခေါင်း”
“တပည့်မကောင်း ဆရာ့ခေါင်း” ဆိုတဲ့စကားပုံများ ရှိပါတယ်
အသင်းအဖွဲ့လက်အောက်ငယ်သားများ သားသမီးများတပည့်များ
အတွင်းပြသနာပေါ်ပေါက်လာပြီဆိုပါက ဦးဆောင်သူ လူကြီးများက
တာဝန်ယူရမှာဖြစ်ပါတယ်။ဒီပြသနာက သူတို့လုပ်တာဘဲ
ငါနဲ့မဆိုင်ဘူးဆိုပြီး“မျက်နှာလွဲခဲပစ်” လုပ်လို့မရပါဘူး။
မိမိရဲ့မိသားစု အသင်းအဖွဲ့အောင်မြင်အောင်လုပ်ဆောင်နိုင်တာလဲ
လူကြီးများရဲ့အရည်အချင်းဖြစ်သလို အဖွဲ့အစည်းအတွင်း ဆုတ်ယုတ်မှု
ဖြစ်ပေါ်စေတာလဲ လူကြီးများရဲ့
အရည်အချင်း ပါဘဲ။များသောအားဖြင့် မိသားစုအတွင်း ပြသနာများ ဖြစ်ပေါ်စေတာကတော့ စည်းကမ်းမဲ့
မှုများကြောင့်  ဖြစ်ပေါ် လာတာအများဆုံးပါဘဲ။
အဲဒီစည်းကမ်းများ ကို ဦးဆောင်သူ လူကြီးများ က ပြဌာန်း လေ့ရှိပါတယ်
အဲဒီထုတ်ပြန်ထားတဲ့ စည်းကမ်းများကို ဦးဆောင်သူလူကြီးများက စံနမူနာအဖြစ်
ကိုယ်တိုင် လိုက်နာရန်
ဖြစ်သလို မိမိ လက်အောက် ငယ်သားများ ကိုလည်း လိုက်နာစေရ မှာဖြစ်ပါတယ်။
ဦးဆောင် သူလူကြီးများ ကိုယ်တိုင် မလိုက်နာနိုင်ရင် လက်အောက် ငယ်သား
များကိုညီညွတ်လိုက်နာစေရန် ခဲယဉ်းစေမှာ ဖြစ်ပါတယ်။
ဦးဆောင်သူ လူကြီးများ ဟာ အကောင်းအဆိုး အမှားအမှန် ကိုဝေဖန်
ပိုင်းခြားနိုင်သူ ဖြစ်ရ ပါမယ်။ အကောင်း အဆိုး အမှားအမှန် ကို
ကောင်းမွန်စွာ ဝေဖန်ပိုင်းခြား နိုင်စွမ်း
မရှိရင်တော့ အခက်အခဲများ ကို
ဖြေရှင်းနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ နောက်ဆက်တွဲ  ပြသနာများ ကိုလည်း
ဖြေရှင်းနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။
လူကြီး ဆိုတာ အောက်လက် ငယ်သား များရဲ့ စံပြ နမူနာ ဖြစ်ရပါမယ်။ ဒါ့ကြောင့်
လူငယ် ကောင်းမှ လူကြီး ကောင်း ဖြစ်မယ်လို့ ဆိုနိုင်သလို ကျွန်တော် ကတော့ လူကြီးကောင်းမှ
လူငယ် ကောင်းမယ် လို့လည်း ဆိုလိုက်ချင်ပါတယ်။


သီဟ(ချစ်သောဈေးသည်)
ဇန်န၀ါရီ 30, 2011 at 2:31pm

No comments:

Post a Comment