Tuesday, September 13, 2011

ပန်းကန် လေး ရဲ့ ရာဇ၀င်

ပန်းကန် လေး ရဲ့ ရာဇ၀င်

လွန်ခဲ့တဲ့ နှစ်က မန္တလေး ကိုအလည်ရောက် စဉ် အဖေ့ သူငယ်ချင်း ဖြစ်သူ ရဲ့ နေအိမ် မှာခေတ္တ တည်းခို နေထိုင် ခဲ့ပါတယ်။ဖခင် ၀န်ထမ်း ဘ၀ ကတည်း က နှစ်ပေါင်း နှစ်ဆယ် ကျော် အတူတူ တာဝန် ထမ်းဆောင် ဘူးလို့ မိတ်ဆွေ ရင်းခြာ အဆင့် တွင်မက ဘဲဆွေမျိုးရင်းခြာ ပမာ ခင်မင်ကြ ပါတယ်။

မတွေ့တာ ကြာပြီ ဖြစ်တဲ့ ကျွန်တော့ကို ဧည့်သည် ကြီးတစ်ဦး လို စားသောက်ဆိုင် က မှာယူ ကျွေးမွေးပါတယ်။ထမင်းဝိုင်း မှာ အိမ် ရှင်အန်တီ က အိမ်ရှေ့ ဘီဒို ထဲ က ပန်းကန် အသစ်တွေ ထုတ်ပြီး ဧည့် ခံပါတယ်။အန်ကယ်က သူ့ဇနီး ကို "ဧည့် တွေ ဘဲ ပန်းကန် အသစ် နဲ့ တန်တယ်၊ ငါတို့ အိမ်ရှင် တွေက တော့ ပန်းကန် အစုတ် နဲ့ဘဲ တန်တယ် "ဆိုပြီး ခနိုးခနဲ့ စကားဆိုပါတယ်။ပန်းကန် အသစ်တွေ ဟောင်းသွား မှာ စိုးရိမ် တဲ့ ဇနီးသည် ကို နောက်ပြောင် လိုပုံ ရပါတယ်။

အန်ကယ် နဲ့ ဖေဖေ လွန်ခဲ့တဲ့ နှစ် သုံးဆယ် လောက်က အနောက် နိုင်ငံ ကို ပညာတော် သင် သွှားကြတာကို အမှတ်ရ မိပါတယ်။အဲဒီ အချိန် က နိုင်ငံခြား သွားရတယ် ဆိုတာ တော်တော် လေးကို ဂုဏ် ရှိတာကိုး။ ဖေဖေ က သူရောက်ဘူး တဲ့ မြို့တွေ ကိုအမှတ် ရစေ ဘို့ဓာတ်ပုံ ရိုက်၊ အမှတ် တရ ပစ္စည်းတွေ ၀ယ်ပါတယ်။

အနောက် နိုင်ငံက မြို့တစ် မြို့ အမည်နဲ့ အမှတ် တံဆိပ် ပါတဲ့ စတီး ပန်းကန်ပြား တစ်ချပ် ကိုလည်း ၀ယ်ယူ ခဲ့ပါတယ်။ဝန်ထမ်းဖြစ်လို့ အိမ်တွေ မကြာခဏ ပြောင်းရ ပေမယ့်လည်း အဲဒီ ပန်းကန်ပြား ကို အိမ်ရှေ့ အလှဘီဒို ထဲ အမြဲထည့် ထားပါတယ်။အဲဒီ ပန်းကန် ပြား က အိမ်ရှင် နိုင်ငံခြားကို ရောက်ဘူးကြောင်း သူဟာနိုင်ငံခြားက လာတဲ့ တန်ဘိုးရှိ ပန်းကန်ဆိုတာ ကို ပြဆိုနေပါတယ်။

နောက် ပန်းကန်တစ်ချပ် ကတော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အဘွားရက်လည် ဆွမ်းကျွေး ဘို့ ပန်းကန် နဲနဲ လိုအပ်တာ နဲ့ ၀င်းသူဇာ အရောင်း ဆိုင် က ဈေးပေါပေါ နဲ့ ၀ယ်ယူ ခဲ့တဲ့ ပန်းကန် နှစ်သေတ္တာ ထဲကပါ။ ဈေးပေါတဲ့ အဲဒီ ပန်းကန်တွေ ဟာ ဘာကနုတ် ပန်း မှ မပါတဲ့ အပြင် အပူနဲနဲ ထိတာနဲ့ ပိန်လိန် ကုန်ပါတယ်။ ပိန်လိန်ပြီး မလှ ပတဲ့ အဲဒီ ပန်းကန် ကို ဘယ်သူ မှ ထမင်းထည့် မစား ချင်ကြ ပါဘူး။ ဟင်းရည် ပန်းကန် အောက် ကခံ ဘို့ နဲ့ အရိုး ထည့် ဘို့ လောက်သာ ရည်ရွယ် ပြီး အကြမ်းသုံး ပါတယ်။အဲဒီ ပန်းကန် နဲ့အတူ ၀ယ်လာခဲ့ တဲ့ ပန်းကန် တွေက တော့ နာဂစ် ဒဏ်ခံ လိပ်ကျွန်း ရွာ မှာ လှုဒါန်း ခဲ့ပြီးပါပြီ။ အဲဒီ ပိန်ပိန်လိန်လိန် ပန်းကန်လေး က အခု ဆို အက်ရာတောင်ထင်နေ ပါပြီ။

ကျွန်တော် အမှတ်တရ စတီး ပန်းကန် လေးနဲ့ အက်ကွဲ တော့မယ့် ပိန်ပိန် လိန်လိန် ပန်းကန် လေးကို ခေတ္တ အသက် သွင်းကြည့်ချင် ပါတယ်။
-အမှတ် တရ စတီး ပန်းကန် လေးက အလှ ဘီဒို ထှဲမှာ ဂုဏ်ယူ စွာနဲ သူ့ ဘ၀သူ့  ကျေနပ် နေမလား။ -
ဒါမှ မဟုတ် ပန်းကန် ရဲ့ ဘ၀ ကိုလက်တွေ့ အသုံးချ နေတဲ့ ပိန်ပိန် လိန်လိန် ပန်းကန် လေး ကို ဘဲ အားကျ ပြီး သူ့ ဘ၀ သူငြီးငွေ့နေမလား။
-ပိန်ပိန် လိန်လိန် ပန်းကန်လေး ကကော အေးအေး သက်သာနေ ရတဲ့ အလှပြ စတီးပန်းကန် နေ ရာလေးကို တပ်မက်နေ မလား။
-ဒါမှ မဟုတ် ကျရာ တာဝန် ထမ်းဆောင်ပြီး ကွဲကြေသွား လို့ အမှုက် ပုံးထဲ ရောက် မှာကို သိရက် နဲ့တောင် အိမ်ရှင် အတွက် ပေးဆပ် ရင်းအသုံးဝင်တဲ့ သူ့ ဘ၀ သူကျေ နပ် နှစ်သက်နေ မလား။

ကဲ သူငယ်ချင်းတို့ ရော အဲဒီ ပန်းကန် လေးနှစ် ချပ် ထဲ တစ်ချပ် ဖြစ်ရ မယ် ဆိုရင် ဘယ်လို ပန်းကန် လေးဖြစ်ချင်တယ် ဆိုတာပြောပြ ပေးကြပါလား။


သီဟ (၂၃း၄၅) (၁၆-၀၅-၁၁)

No comments:

Post a Comment